ဓမ္မဆရာလေးချင်းရန်အား ၁၉၃၇ခုနှစ်တွင်ထိုင်ဝမ်၊ တိုင်ချွှန်းခရိုင်ကင်ရှုးမြို့ငယ်လေးတွင် မွေးဖွားခဲ့ပါသည်။ သူမအဖေ၏ အစ်ကိုတော်သူ(သူမ၏ဘကြီး)တွင် သားသမီးမထွန်းကားပါ။ ထိုခေတ်အချိန်အခါ အစဉ်အလာအရ သူမအားသူမ၏ ဘကြီးလင်မယားမှ သူမငယ်စဉ်ကလေးဘ၀ကတည်းက သူမအားသူတို့၏ ကိုယ်ပိုင်ကလေးအဖြစ် မွေးစားခဲ့ပါသည်။ နောက်ပိုင်းတွင်သူမ၏ မိသားစုအသစ်နှင့် အတူတိုင်ချွန်းခရိုင်၊ ဖင်းယွန်မြို့သို့ ရွှေ့ပြောင်းခဲ့ပါသည်။ သူမ၏အသက်(၇)နှစ်အရွယ်တွင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားသောအခါ ထိုင်ဝမ်ကို ဂျပန်တို့ သိမ်းပိုက်လိုက်ပါသည်။ စစ်ပွဲ၏ရက်စက်ယုတ်မာကြမ်းကြုတ်မှုများကသူမ၏ နုနယ်သောစိတ်အ တွင်းသို့ ခါးသီးစွာဝင်ရောက်ခဲ့ပါသည်။ သူမကြီးပြင်းလာသောနှစ်များတွင် သူမတွင်ဘ၀၏ အဓိပ္ပါယ်နှင့် ပတ် သက်သော မေးခွန်းပေါင်းများစွာ ရှိခဲ့လေသည်။
သူမ၏ မြို့လေးတွင်သူမအား အလွန်လိမ္မာသော သမီးလေးအဖြစ်သိကြပါသည်။ တခါတွင်သူမ၏ အမေသည်ြ့ပင်းထန်သော အစာအိမ်ရောင်ရမ်းနာဖြစ်ပွားသဖြင့် အရေးပေါ်ခွဲစိတ်ကုသရန် လိုအပ်လာသည်။ ခွဲစိတ်ကုသမှုသည် ထိုခေတ်အချိန်က အလွန်အသက်အန္တရာယ်များသော ကိစ္စတစ်ခုဖြစ်ပါသည်။ (၁၅)နှစ် သမီးအရွယ်ချင်းရန်သည် ဘုရားအလောင်းတော်အားသူမ၏ ဘ၀အချိန်ကာလ(၁၂)နှစ်အား ပေးဆပ်ပြီးအပြန်အလှန်အားဖြင့် သူမမိခင်၏ကျန်းမာရေးနှင့် လဲလှယ်ရန်လေးနက်စွာ ဆုတောင်းခဲ့ပါသည်။ သူမ၏ဘာသာ တရားကိုင်းရှိုင်းမှုကို ဖော်ပြရန်အတွက် သူမဟာသတ်သတ်လွတ်သာလျှင် စားသုံးခဲ့ပါသည်။ သူမ၏အမေ ခွဲစိတ်ကုသခြင်းမခံရဘဲ နေပြန်ကောင်းလာသည့်အခါ သူမသည်အလွန်အမင်း အံ့သြကျေးဇူးတင်ပြီးနောက် သူမ၏ဘ၀တလျှောက်လုံး သက်သတ်လွတ်စားသုံးရန် ဆုံးဖြတ်လိုက်လေသည်။
နက်ရှိုင်းစွာသိရှိခြင်း
ဓမ္မဆရာလေးချင်းရန် အသက်(၂၃)နှစ်ရောက်သောအခါ သူမ၏ဘ၀ကိုပြောင်းလဲစေခဲ့သော အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါသည်။ ထိုရက်တွင်သူမ၏ အဖေသည် ရုတ်တရက်ကြီးစွာ နာမကျန်းဖြစ်လေသည်။ (၂၄)နာရီအတွင်းသူမ၏ အဖေရောဂါကြောင့် သေဆုံးသွားလေသည်။ သူမဖခင်သေဆုံးမှုသည် ဓမ္မဆရာလေးချင်းရန်အား အလွန်အမင်း တုန်လှုပ်ချောက်ခြားသွားစေသည်။ သူမအတွက်ဘ၀နှင့်သေဆုံးခြင်း အဓိပ္ပါယ်အတွက် အဖြေများစွာကို ရှာဖွေရန် ပို၍စိတ်အားထက်သန်လာပါသည်။ သူမစဉ်းစားဆင်ခြင်ကြည့်သည်။
“ဘာကြောင့်ဘ၀ကအလွန်တိုတောင်းရတာလဲ? ဘ၀ရဲ့စစ်မှန်တဲ့အဓိပါယ်ကဘာလဲ၊ ဘယ်မှာလဲ?”
ဤအချိန်တွင် ဓမ္မဆရာလေးချင်းရန်သည် ဗုဒ္ဓဘာသာနှင့်စတင် ထိတွေ့ရင်းနှီးလာပါသည်။ အဆုံးအမများကို သင်ယူရင်းသူမသည် မိမိကိုယ်ပိုင် မိသားစုတစ်စုကို ချစ်မေတ္တာထားသည်ထက် လူမှုဝန်းကျင်တစ်ခုလုံးနှင့် လူသားအားလုံးအား ချစ်မေတ္တာထားသင့်ကြောင်း သူမတဖြည်းဖြည်းနှင့် သိမြင်ခံစားလာရပါတယ်။ မိသားစုတစ်စုကို ကြည့်ရှုစောင့်ရှောက်မည့်အစား လူသားမျိုးနွယ်မိသားစုအားလုံးကို ကြည့်ရှုစောင့်ရှောက်ရန် သူမစိတ်ဆန္ဒ အလွန်ပြင်းပြခဲ့ပါသည်။ ၁၉၆၁ခုနှစ်တွင် ဓမ္မဆရာလေးချင်းရန်သည် သက်တောင့်သက်သာရှိသော ဘ၀ကို စွန့်ခွာပြီးလျှင် အမှန်တရားများကို ရှာဖွေရန်သူမ၏ မိသားစုနေအိမ်မှ စတင်ထွက်ခွာလာခဲ့ပါသည်။ သို့သော်လည်း ရက်ပေါင်းအနည်းငယ်အတွင်း သူမအမေသည် သူမအားရှာဖွေတွေ့ရှိခဲ့ပြီး အိမ်သို့ပြန်လာရန်တောင်းပန် ပြောဆိုခဲ့ပါသည်။ သူမသည်သူမမိခင်၏စိတ်ဆန´ကိုလိုက်လျောခဲ့ပါသည်။သို့သော်လည်းသူမ၏ဘ၀ ဟောင်းတွင်နေရသည်ကို မပျော်မွေ့ပါ။ လပေါင်းအနည်းငယ်ကြာပြီးနောက် သူမသည်အမှန်တရားများကို ရှာဖွေရန်သူမ၏ အိမ်မှနောက်တစ်ကြိမ် ထွက်ခွာလာခဲ့ပါသည်။ ထိုနှစ်တွင်သူမ၏ အသက်၂၄နှစ်ပြည့်လေသည်။ ထိုင်ဝမ်အနောက်ပိုင်းမှ အရှေ့ပိုင်းသို့ ခရီးထွက်ခဲ့ပါသည်။ နောက်ဆုံးတွင် ထိုင်ဝမ်အရှေ့ဘက်ကမ်းရိုးတန်းရှိ မဖွံ့ဖြိုး၊မတိုးတက်သေးသည့် ဟွလင်ဆိုသောမြို့ငယ်လေးတွင် အခြေချနေထိုင်ခဲ့ပါသည်။ ဘ၀၏ခက်ခဲကြမ်းတမ်းမှုသည် သူမ၏ခိုင်မာသောစိတ်ဆန္ဒ ကိုမပြောင်းလဲနိုင်ပါ။
သူမ၏ အသက်၂၅နှစ်အရွယ် ၁၉၆၂ခုနှစ်နောက်ပိုင်းတွင် ဓမ္မဆရာလေးချင်းရန်သည်သူမဦးခေါင်း ထက်ရှိဆံပင်များကို ရိတ်လိုက်ပြီးလျှင် သာသနာ့ဘောင်သို့ စတင်ဝင်ရောက်ခဲ့ပါသည်။ ဗုဒ္ဓဘာသာသီလရှင်တပါးဖြစ်လာရန် ဥပဇ္ဈာယ်ဆရာတစ်ပါး လိုအပ်သည်ကို သူမမသိရှိခဲ့ပါ။ ဤအချက်ကြောင့်ပင် လပေါင်းများစွာ ကြာပြီးနောက်တိုင်ပေရှိ လင်ရှီးကျောင်းတော်တွင် စစ်မှန်သောဗုဒ္ဓဘာသာ သီလရှင်အဖြစ်သို့ မရောက်ရှိဘဲ အခက်အခဲများစွာ တွေ့လေသည်။ ဤအခြေအနေများသည် တိုင်ပေရှိဗုဒ္ဓဘာသာ စာသင်ခန်းဆောင်တွင် ယင်ချွန်းဆိုသော ရဟန်းတော်တစ်ပါးနှင့် တွေ့ဆုံဖို့ရန်ဖန်တီးလာပါသည်။ သူမသည်ထိုရဟန်းအားအလွန်အ မင်းကြည်ညိုလေးစားပြီးနောက် သူမအားထိုရဟန်း၏ သမီးတပည့်အဖြစ်လက်ခံရန် အတွက်တောင်းပန်ပြောဆိုခဲ့ပါသည်။ သူမ၏တောင်းဆိုချက်ကို ထိုရဟန်းလက်ခံခဲ့ပါသည်။ သို့သော်လင်ရှီကျောင်းတော်ကြီးတွင် သူမသာသနာ့ဘောင်အတွင်းသို့ ၀င်ရောက်ရန်အတွက်အချိန်မှာ အနည်းငယ်သာကျန်ရှိပါတော့သည်။ အကြောင်းမှာ လင်ရှီကျောင်းတော်ကြီးအား မကြာခင်ပိတ်ပစ်တော့မည်ဖြစ်ပါသည်။ ဤအချိန်အနည်းငယ်အတွင်း ထိုရဟန်းတော်သည် သူမအားသီလရှင်အဖြစ်သို့ သြ၀ါဒပေးချီးမြှင့်ခဲ့ပါသည်။ “သင်ဟာအခုဆိုလျှင် ဗုဒ္ဓ၏သမီး၊ သီလရှင်အဖြစ်သို့ ရောက်ရှိလေပြီ။ ဗုဒ္ဓဘာသာနှင့် လူသားအားလုံး၏ အကျိုးကိုဆောင်ရွက်ရန် အမြဲတမ်းသတိရပါ။” ရဟန်းတော်သည် သူမအားချင်းရန်ဆိုသော သီလရှင်ဘွဲ့အမည်ကို ပေးအပ်လေသည်။
ဆုရှီကိုတည်ထောင်ခြင်း
၁၉၆၆ခုနှစ်တွင် အသက်၂၉နှစ်အရွယ် ဓမ္မဆရာလေးချင်းရန်သည် ဆုရှီဆိုသောအဖွဲ့ကို တည်ထောင်ခဲ့ပါသည်။ ထိုအချိန်တွင် ဓမ္မဆရာလေးချင်းရန် ပထမဦးဆုံးအခြေချနေထိုင်ခဲ့သော ထိုင်ဝမ်အရှေ့ဘက်ကမ်း ရိုးတန်းရှိမြို့သည် ဆင်းရဲမွဲတေပြီးမဖွံ့ဖြိုးသေးပါ။ ဓမ္မဆရာလေးချင်းရန်နှင့် သူမ၏အပေါင်းအပါတပည့်များသည် ကလေးစီးရှုးဖိနပ်များကို ၄င်းတို့ကိုယ်တိုင်ချုပ်လုပ်ခြင်း၊ တိရစ္ဆာန်အစားအစာထည့်သော အိတ်များကိုပြုလုပ်ခြင်း၊ ဆွယ်တာများထိုးခြင်းနှင့် ၄င်းတို့ကိုယ်တိုင်ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးခြင်းများကို ပြုလုပ်ကြပါသည်။
၁၉၆၆ခုနှစ် တစ်နေ့သောအခါတွင် သေးငယ်သောဆေးခန်းတစ်ခုအတွင်းမှ လူနာတစ်ယောက်အား သူမသွားရောက်ကြည့်ရှုစဉ်တွင် ကြမ်းပြင်ပေါ်မှ သွေးအိုင်ငယ်လေးတစ်ခုကို တွေ့ရှိခဲ့ပါသည်။ထိုသွေးများသည် အလုပ်သမားပြဿနာ ရှုပ်ထွေးမှုများနှင့် ရင်ဆိုင်နေရသော ဒေသခံထံမှဖြစ်သည်ဟု ဓမ္မဆရာလေး ချင်းရန်သိရှိရပါသည်။ ထိုမိန်းမအား သူမနေထိုင်ရာ တောင်ပေါ်ရှိရွာကလေးမှ သူမ၏မိသားစုကခေါ်ဆောင် လာပါသည်။ သူတို့သည်၈နာရီကြာ လမ်းလျှောက်ခဲ့ရသည်။ သို့သော် သူတို့ဆေးရုံသို့ရောက်သောအခါ တရုတ်ငွေ ၈၀၀၀ (အမေရိကန်ဒေါ်လာ၂၀၀နှင့် ညီမျှသောငွေကြေး) မရှိသဖြင့်သူမကိုဆေးမကုသဘဲ ပြန်လည် ခေါ်ဆောင်လာခဲ့ရပါသည်။ ဤအကြောင်းအရာကို ကြားသိသောအခါ ဓမ္မဆရာလေးချင်းရန်သည် အလွန်အမင်း စိတ်မကောင်းဖြစ်မိပါသည်။ သူမကိုယ်သူမ တွေးမိပါသည်။ သူမလိုဆင်းရဲနွမ်းပါးသော သီလရှင် လေးတစ်ပါးမှ ဤဆင်းရဲသားလူနာများကို မည်သို့ကူညီနိုင်ပါမည်နည်း။
အချိန်အနည်းငယ်ကြာပြီးနောက် ခရစ်ယာန်သီလရှင်ဆရာလေးသုံးပါးသည် ဓမ္မဆရာလေးချင်းရန်ထံသို့ အလည်အပတ်လာရောက်ကြပါသည်။ သိုတို့ဘာသာအသီးသီး၏ အဆုံးအမများကိုဆွေးနွေးဖလှယ် ကြပါသည်။ ဓမ္မဆရာလေးချင်းရန်မှ ဗုဒ္ဓဘာသာသည် လူသားအားလုံးအား ချစ်ခြင်းနှင့် ဂရုဏာတရား ထားရှိရမည်ဟု ရှင်းပြလေသည်။ ဓမ္မဆရာလေးချင်းရန်မှ ထိုသို့ပြောဆိုရှင်းပြသောအခါ ခရစ်ယာန်ဆရာလေးသုံးပါးမှ ဤသို့မေးခွန်းထုတ်လေသည်။ “ဒါဆိုဘာကြောင့်ဗုဒ္ဓဘာသာဝင်တွေ လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းတဲ့ အလုပ်တွေဖြစ်ကြတဲ့ ကလေးသူငယ်ဂေဟာဆောက်လုပ်ခြင်း၊ မိဘမဲ့ဂေဟာနဲ့ဆေးရုံတွေကို တည်ထောင်ဖို့ဘာလို့ မလုပ်ကြတာလဲ?”
ခရစ်ယာန်ဆရာလေးများ၏ မေးခွန်းသည်ဓမ္မဆရာလေးချင်းရန်အား လေးနက်စွာတွေးတောစေပါ သည်။သူမစဉ်းစားမိသည်။ ဗုဒ္ဓဘာသာသည်လူအများအား ချီးမွမ်းအသိအမှတ်ပြုခြင်းကိုမရှာဖွေဘဲလူအ များ၏ ကောင်းကျိုးကိုလုပ်ဆောင်ရန် သင်ကြားပါသည်။ သို့သော်သူမ၏နှလုံးသားထဲတွင်သိရှိသောအ ကြောင်းအရာမှာ အဖွဲ့အစည်းဆိုတာ မရှိလျှင်လုပ်ဆောင်မှုများသည် အနည်းငယ်သာပြီးမြောက်လိမ့်မည်။ ဓမ္မဆရာလေးချင်းရန်သည် ဤသို့တွေးတောခဲ့ပါသည်။ သူမ၏တပည့်တပန်းများသည် တစ်ရက်လျှင် ကလေးစီးရှုးဖိနပ်တစ်ရံစီကို ရောင်းချလျှင်သို့မဟုတ် သုံးဆယ်သောအိမ်ထောင်ရှင်မိန်းများသည် သူမဓမ္မတရားကို နားထောင်ပြီးလျှင်တရုတ်ငွေ ၅၀ ဆင့် (အမေရိကန်ဒေါ်လာ ၁ ဆင့်)ကိုနေ့စဉ်လှူဒန်းလျှင်ကောင်းပေမည်။ သူမတွက်ချက်ကြည့်ပါသည်။ တစ်နှစ်ဆိုသော အချိန်အတွင်းတွင် အိမ်ထောင်ရှင်မိန်းမများသည် လုံလောက်သော ငွေကြေးပမာဏကို စုဆောင်းနိုင်ပါလိမ့်မည်။ ဤသေးငယ်သော ငွေကြေးပမာဏနှင့် ကြိုးစားအားထုတ်မှုသည် အချိန်ကြာလာသည်နှင့်အမျှ ကြီးစွာသောခြားနားမှုတစ်ခုကို ဖြစ်စေသည်။
ဒီလိုနဲ့ပဲဓမ္မဆရာလေး ချင်းရန်သည် ဆုရှီဆိုသောအဖွဲ့ကို တည်ထောင်ခဲ့ပါသည်။ ၀ါးကျည်တောက်စုဗူးများကို ပြုလုပ်ပြီးလျှင် ဓမ္မဆရာလေးချင်းရန်သည် သူမ၏နောက်လိုက်နောက်ပါများအား ဈေးသို့မသွားခင် ၀ါးကျည်တောက်စုဗူးထဲသို့ နေ့စဉ် တရုတ်ငွေ၅၀ဆင့်ထည့်ကြရန် ပြောဆိုလေသည်။ ထိုစဉ် သူမ၏နောက်လိုက် တစ်ယောက်မှ ဤသို့ပြောဆိုလေသည်။ “နေ့စဉ်တရုတ်ငွေ၅၀ဆင့်ထည့်ဝင်မည့်အစား တစ်လလျှင် တစ်ကြိမ်တည်း တရုတ်ငွေ၁၅ ယွမ်ထည့်ဝင်လှူဒါန်းရင်ကော မကောင်းဘူးလား” ဟုမေးမြန်းလေသည်။ ငွေကြေးပမာဏကလည်း အတူတူပင်ဖြစ်သည်။ ဓမ္မဆရာလေးချင်းရန်မှ ဤသို့ပြောဆိုရှင်းပြလေသည်။ “ငွေကြေးပမာဏတူသော်လည်းပဲ လှူဒါန်းမှုပုံစံနှင့် စိတ်ဓာတ်ကွာခြားပါတယ်” သူမသည် သူမ၏တပည့်တပန်းများအား လူသားများကို တစ်လလျှင်တစ်ရက်တည်း ကူညီမည့်အစားနေ့စဉ် ကူညီဖို့ရန် တိုက်တွန်းပြောဆိုလေသည်။ ငွေကြေးလှူဒန်းမှုများလည်း ဤသဘောတရားပင်ဖြစ်သည်။
တဆင့်စကားတဆင့်ကြားပြီးနောက် လူအများသည်သူမ၏ အဖွဲ့တွင်းသို့ပါဝင်လာကြပါသည်။ အလှူငွေလိုက်ကောက်ခံသော ဆုရှီကော်မရှင်နာအဖွဲ့ဟူ၍ ပေါ်ပေါက်လာပါသည်။ ထိုလူများသည် ရွာအသီးသီးသို့ သွားရောက်ပြီးလျှင် ရွာသားများမှ ထည့်ဝင်လှူဒါန်းထားသော ၀ါးကျည်တောက် အတွင်းရှိငွေများကို လိုက်လံ သိမ်းဆည်းပါသည်။ တစ်ကြိမ်တွင် ကော်မရှင်နာလူတစ်ယောက်မှ ဤသို့ ငြီးငြူပြောဆိုလေသည်။ အလွန်ကွာဝေးသော အရပ်တွင်နေထိုင်သော အလှူရှင်တစ်ယောက်ထံသို့ သွားရောက်သည့်စရိတ်မှာ ထိုအလှူရှင်လှူ ဒန်းသောငွေကြေးထက်များစွာ ကုန်ကြလေသည်။ သို့သော်လည်းပဲ ဓမ္မဆရာလေးချင်းရန်မှ ဤသို့ရှင်းလင်း ပြောဆိုလေသည်။ လူအများအား ကုသိုလ်ရေးရာတွင် ပါဝင်ခွင့် အခွင့်အရေးပေးခြင်းသည် ၎င်းတို့လှူဒါန်းသော ငွေကြေးထက်ပို၍ အရေးကြီးလေသည်။ လူအများထံမှ အလှူငွေများကို သွားရောက်လက်ခံခြင်းက အလှူရှင်အသီးသီး၏ ကြင်နာ၊ဂရုဏာတရားမျိုးစေ့ကို ပျိုးထောင်ခြင်းပင်ဖြစ်ပေသည်။ လှူဒန်းငွေကြေးမဟုတ်ပဲ ကြင်နာဂရုဏာတရားသည်သာလျှင် ဓမ္မဆရာလေးချင်းရန်၏ စစ်မှန်သောလိုအင်ဆန္ဒဖြစ်ပေသည်။
ဓမ္မဆရာလေးချင်းရန်က လူအများသည်ဗုဒ္ဓကဲ့သို့ ကြီးမြတ်သော ဂရုဏာတရားကိုထားရှိနိုင်သည်ဟု လေးနက်စွာယုံကြည်လေသည်။ သို့သော်လည်း ထိုစစ်မှန်သောဂရုဏာဆိုသည်မှာ လူတစ်ယောက်၏ဒုက္ခကို စာနာမှုတရားရှိခြင်း တစ်ခုတည်းမဟုတ်ပါ။ ထိုသူ၏ ဒုက္ခလျော့ပါးသက်သာသွားစေရန် ထိထိရောက်ရောက် ကူညီလုပ်ဆောင်ပေးခြင်း သာလျှင်ဖြစ်သည်။ ဆုရှီအဖွဲ့ကိုတည်ထောင်ရာတွင် ဓမ္မဆရာလေး ချင်းရန်သည်သာ မန်နိုင်ငံသားများသည် ဤစစ်မှန်သောဂရုဏာတရားကို နားလည်လာစေပြီး လူတစ်ဦးခြင်းစီ၏စစ်မှန်သော ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုဖြစ်စေပြီးလျှင် ကမ္ဘာကြီးငြိမ်းချမ်းရေးနှင့် လိုက်လျောညီထွေမှုအတွက် လျှောက်လမ်းတစ်ခုကိုဖန်တီးရန်ဆန္ဒရှိပေသည်။





Yangon
Mandalay





































































စာသင်ကြားနေပုံ
ဒါက ဆရာချမ်းငြိမ်းအောင် စာသင်ကြားပေးနေပုံပါ
covey ဆိုသူက ရှောင်လား၊ သို့မဟုတ် ဖရန့်ကလင်းလား မသိ။ covey ရဲ့ method လေးပေါ့။
ဆရာမပါ
Volunteer ဒေါ်သဇင်ကြည်
assertiveness ကို လက်တွေ့ပြုလုပ်ကြတဲ့ ငြိမ်းအိအိအောင်နှင့် နုနုထွေး



အေးပါလေရော.








